ဘဝရဲ့ မုန်တိုင်း
ရေးသားတီးခတ်သီဆိုသူ - မျိုးချစ်မြန်မာ
ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ
ဆင်းရဲခြင်းများနဲ့ ခါးစည်းနေ့တွေဖြတ်သန်းခဲ့ လောကဓံဒီဘဝထဲ
မှားယွင်းမွေးဖွားခဲ့ နှုတ်ဆက်ရက်ကို ကြိုနှင့်လို့ ဖြစ်တည်နေထိုင်ခဲ့
လောကရဲ့လှည့်ကွက် ရက်စက်လွန်းစွာ ဝင်ရောက်ခဲ့ ခုခံနိုင်စရာမဲ့
ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်
လူးလွန့်လှုပ်ခတ်ဖို့ မရတော့တဲ့ဒီအချိန်လေးရယ် ဟစ်အော်သံတွေနဲ့
ဖုံးလွှမ်းသွားခဲ့တဲ့ ရေလှိုင်းရဲ့အောက်မှာ ကျန်ခဲ့တဲ့ ကလေးတွေငိုနေဆဲ
လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ
ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေလွင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ ခန္ဓာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်
သွေးပျက်ကြောက်လန့်လို့ နိုးထခဲ့အိပ်မက်ဆိုးရယ် အကျည်းတန်နာကျင်ဆဲ
လှိုင်းများဖုံးလွမ်းခဲ့ သောကဝိဥာဉ်မြို့များရယ် ဟစ်အော်ဆူညံဆဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတခု သမီးငယ်ဘယ်မှာလဲ
ကြည့်လိုက်ပါမိတ်ဆွေတို့…
သူကြိုးစားခဲ့တာ အကုန်လုံးလဲ ကောင်းကင်လိုကြေကွဲခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သူရင်းနှီးခဲ့တာတွေအားလုံး မျက်ရေမှာနစ်မျောခဲ့တယ်
လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတခု သမီးငယ်ဘယ်မှာလဲ
ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေခဲ့ရတယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ခန္ဓာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်
ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ…..
မျိုးချစ်မြန်မာ Studio တွင်ဖန်တီးသည်
Timbaland ၏ Apologize မှ Body Frame ကို အနည်းငယ်အခြေခံထားပါသည်။
မျှော်လင့်သောအကြည့် | |
တေးဆို - လေးဖြူ၊ မျိုးကြီး၊ Lလွန်းဝါ၊ တင်ဇာမော်၊ ဆုန်သင်းပါရ်၊ ဇမ်နူး၊ ဂျိုးဂျာ နွေတိမ်တိုက်တို့ပြိုလဲ ရက်စက်လွန်းတဲ့ မုန်တိုင်းရယ် မြင်ကွင်းက ထိတ်လန့်စရာ သွေးပျက်လွန်းလို့ပါ ဒဏ်ရာမျက်ဝန်းက မျက်ရည်ဝဲ .. ကမ်းလက်များကိုမျှော်လင့်မယ် အားပေးစကားလေး တစ်ခွန်းဆိုလဲ .. ဒါဟာ သူ့ဘ၀တွက် မျှော်လင့်ချက်ပါ ဒဏ်ရာ မျက်ဝန်းက မျက်ရည်ဝဲ .. ကမ်းလက်များကိုမျှော်လင့်မယ် မနက်ခင်းများစွာ … ထွန်းငြိတေးဆိုသား .. နက်ရှိုင်းသော အဓိပ္ပာယ်နဲ့ | |
| သတင်းဌာနများ | ဒီမိုဘလော့ဂ်များ |
ဒီမိုကရက်တစ် မြန်မာ့အသံ | နစ်နေမန်း |
| မဇ္ဈိမ | ဆုံဆည်းရာ |
| ဧရာဝတီ | အာဇာနည် |
| ခေတ်ပြိုင် | မြတ်လေးငုံ |
| ဟစ်တိုင် | ဒီမိုဝေယံ |
| ရိုးမ၃ | ဒေါက်တာလွဏ်းဆွေ |